ဆားဝက်ခြံကို သဘာဝနည်းအတိုင်း လွယ်ကူစွာဖယ်ရှားနိုင်မယ့်နည်းလမ်းကောင်းများ”
ဆားဝက်ခြံသည် အဆီ၊ ဖုန်မှုန့်၊ သနပ်ခါး၊ ပေါင်ဒါ၊ မိတ်ကပ် နှင့်တခြားသော ပစ္စည်းများသည် ချွေးပေါက်ကို ပိတ်ဆို့နေပြီးသေချာစွာအိပ်ခါနီးတိုင်း မိတ်ကပ်ဖျက်ဆေး၊ မျက်နှာသစ်နှင့် တိုနာများကို မသုံးခြင်းကြောင့်ဖြစ်ရသည့် အရေပြားပြဿနာတစ်မျိုးဖြစ်သည်။ နောက်ထပ်ဖြစ်နိုင်ခြေတစ်မျိုးမှာ ဆားနှင့်အဆီအစားများလျှင်လည်းဖြစ်တတ်သည်။ သို့ရာတွင်အဆိုပါအဆီဖုများသည် အဖြူရောင်ဖြစ်သည်။ အနက်ရောင်မဟုတ်ပါ။ ယခုအခါတွင် ဆားဝက်ခြံထွင်သည့် အတံများ၊ ကပ်ခွာများ၊ Clay Mask များ နှင့် မျက်နှာသစ်ဆေးပေါင်းစုံရှိသော်လည်း သေချာစွာပျောက်ကင်းစေသည့် နည်းလမ်းမဟုတ်ပါ။ လိမ်းဆေးလူး၍ မပျောက်နိုင်ပါ။ ကိုယ့်နေထိုင်မှုပုံစံကိုသာ ပြောင်းလဲပါ။ မပျင်းပါနှင့်။ ပျားရည် ပျားရည် ပျားရည်အစစ်ကိုနွေးအောင် အပူးပေးပြီးမှနှာခေါင်းတစ်ဝိုက်နှင့် မေးစေ့ပေါ်လိမ်းထားပါ။ ၁၅မိနစ်ထားပြီးရေနွေးနှင့် ပြန်ဆေးပါ။ နှစ်ပတ်တစ် ကြိမ်ပုံမှန်လုပ်နိုင်သည်။ စပျစ်သီး စပျစ်သီး စပျစ်သီးအခွံအစေ့မဖယ်ဘဲ ကြိတ်စက်ဖြင့်မွှေပါ။ ဝက်ခြံခေါင်းမည်းရှိသည့်နေရာတွင် များများအုံပါ။ ကျန်သည့်နေရာကို ပါးပါးလူးပါ။ ခြောက်ရင်ရေနွေးနှင့် ဆေးပါ။ ပုံမှန်လုပ်ပေးပါ။ အုတ်ဂျုံ (Oatmeal) အုတ်ဂျုံမှုန့...